ကျွန်ုပ်တို့အကြောင်း

ရွှေဥဒေါင်းမင်း အိမ်ခြံမြေသည် ''Royal Golden Peacock Co., Ltd'' (ကုမ္ပဏီမှတ်ပုံတင်အမှတ် 122084280) ၏ လုပ်ငန်းခွဲတစ်ခုပြီး ၂၀၁၀ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တွင် ယနေ့ထက်ထိတိုင် ကောင်းသတင်းများဖြင့် နံမည်ကျော်ကြားလျက်ရှိသော အိမ်ခြံမြေကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ထံတွင် မြို့နယ်စုံရှိ လုံးချင်း၊ မြေကွက်၊ ကွန်ဒို၊ တိုက်ခန်း နှင့် စက်မှုဇုန်မြေကွက် များအပါအ၀င် စာရင်း ပေါင်း ၁သိန်းနှင့်အထက်ရှိပါသည်။

ကျွန်ုပ်တို့မှ လူကြီးမင်းတို့အား စိတ်ကျေနပ် နှစ်သက်သည်အထိ အတွေ့အကြုံရှိသော ၀န်ထမ်းများမှ လိုက်လံပြသပေးခြင်း၊ ရှင်းပြပေးခြင်းများအပြင် အိမ်ခြံမြေဝါရင့် ရှေ့နေများမှလည်း စာချုပ်များကို လိုက်လံချုပ်ဆိုပေးပါသည်။ ကျန်ုပ်တို့၏အဓိကရည်ရွယ်ချက်သည် လူကြီးမင်းတို့ အား စိတ်ကျေနပ်မှုအပြည့်အ၀ပေးနိုင်ရေးပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ မိတ်ဘက်ဘဏ်များဖြစ်သော ကမ္ဘောဇဘဏ် နှင့် ရိုးမဘဏ် အတူလက် တွဲကာ ၀ယ်ယူသူများအဆင်ပြေစေရန် အိမ်ရာချေးငွေများကို လွယ်ကူလျင်မြန်စွာ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ထို့အပြင် နိုင်ငံရပ်ခြားတွင်ရှိ (ထိုင်း၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ စင်ကာပူ စသော  )ကွန်ဒိုများကိုလည်း မြန်မာပြည်တွင် ကိုယ်စားလှယ်ယူကာ ရောင်းချပေးလျက်ရှိပါသည်။

ရွှေဥဒေါင်းမင်း အိမ်ခြံမြေသည် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း MRESA ၏ အသင်း၀င်အမှတ် (၀၁၈၉) ဖြင့် ၀င်ရောက်ထားသော အိမ်ခြံမြေတစ်ခုလည်း ဖြစ်ပါသည်။